၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အဆောက်အအုံနှင့် ပိုင်ဆိုင်မှုများအတွက် မြန်မာ့အာမခံလုပ်ငန်းက စုစုပေါင်း လျော်ကြေးငွေကျပ် ၅၂ ဒသမ ၆၅ ဘီလီယံ ကို ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ လျော်ကြေးငွေသည် မြေငလျင်ဘေးဒဏ် အကာအကွယ်ထားရှိခဲ့သည့် အစိုးရဌာနများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူပိုင် အဆောက်အအုံ၊ ပစ္စည်းများအပါအဝင် စုစုပေါင်း လျော်ကြေးတင်ပြတောင်းခံလွှာ ၃၇၅ စောင် အတွက်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိစစ်တွက်ချက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အာမခံလျော်ကြေးများ ထိရောက်စွာ ပေးအပ်နိုင်ခြင်းသည် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားရာတွင် များစွာ အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။
၂၀၂၅ မန္တလေးငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အာမခံလျော်ကြေး ကျပ် ၅၂ ဘီလီယံကျော် ပေးအပ်ပြီးစီး
Mar 29 • 6:50 AM
Myanmar
Local
Share
| 11 | 0 | 0 | 0 |


