ရှမ်းပြည်နယ် အနေဖြင့် ငလျင်ကြောင့် ပျက်ဆီးမှု ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းပေါင်း (၂၇၈၅) ခုရှိပြီး တန်ဖိုး (၂၆ ဒဿမ ၇) ဘီလီယံကျော်ရှိကြောင်း သိရသည်။အဆိုပါ လုပ်ငန်းအားလုံး၏ (၈၂ ဒဿမ ၂၃) ရာခိုင်နှုန်းကို တစ်နှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀ ၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် (၁၆ ဒဿမ ၅၉) ရာခိုင်နှုန်း နှင့် ၂၀၂၇ -၂၀၂၈ တွင် (၀ ဒဿမ ၁၈) ရာခိုင်နှုန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့် အခမ်းအနားတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။ရှမ်းပြည်နယ်တွင် ငလျင်ကြီးကြောင့် မြို့နယ် (၁၂) ခုတွင် ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ပြီး ကလော၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ပင်လောင်းမြို့တို့တွင် ေသဆုံးသူ (၆၈) ဦးထိရှိခဲ့ပြီး ဘေးသင့်အိမ်ထောင်စု (၅၀၈၇) စုကျော်ရှိခဲ့ခြင်းလည်း ဖြစ်သည်။နေအိမ် (၂၄၅၀) ကျော် လုံးဝပျက်ဆီးခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်ဆီးခဲ့သည့် နေအိမ် (၂၂၄၃) လုံးရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ငလျင်ကြောင့် ပျက်ဆီးမှုကို ဆောင်ရွက်နေသည့် လုပ်ငန်း (၂၈၀၀) နီးပါးရှိပြီး တစ်နှစ်အတွင်း ၈၀ ရာခိုင်နှုန်းကျော် လုပ်ဆောင်ပြီး ဖြစ်
Mar 29 • 6:51 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


