တီဟီရန်ရှိ အီရန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် တို-က်ခိုက်ခံရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတက္ကသိုလ်များကို ပစ်မှတ်ထားတို-က်ခိုက်သွားမည်ဟု အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားကြောင်း အီရန်အစိုးရ တစ်စိတ်တစ်ပိုင်းပိုင် Tasnim သတင်းဌာနက စနေနေ့တွင် ဖော်ပြခဲ့သည်။Tasnim သတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တွင် "ဖျ-က်ဆီးခံလိုက်ရသည့် အီရန်တက္ကသိုလ်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တက္ကသိုလ်နှစ်ခုကို ပြန်လည်တို-က်ခိုက်မှု မပြုရသေးမီကာလတလျှောက်လုံးအတွင်း အနောက်အာရှဒေသရှိ အစ္စရေးနှင့် အမေရိကန်တက္ကသိုလ်အားလုံးသည် တရားဝင်ပ-စ်မှတ်များဖြစ်လာမည်ကို အမေရိကန်အနေဖြင့် သိထားသင့်သည်" ဟု ပါရှိသည်။



