ချင်းမိုင်အပါအဝင် ထိုင်းမြောက်ပိုင်းပြည်နယ် ၁၇ ခုတွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ လေထုညစ်ညမ်းမှုအခြေအနေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လိမ္မော်ရောင်အဆင့်တွင် ရှိနေမည်ဖြစ်ကြောင်း လေထုညစ်ညမ်းမှုဆိုင်ရာ ဆက်သွယ်ရေးဗဟိုဌာနက ခန့်မှန်းထုတ်ပြန်လိုက်သည်။ ရှေ့လာမည့် ၇ ရက်အတွင်း အန္တရာယ်ရှိသည့် ဖုန်မှုန့် (PM2.5) ပမာဏ ဆက်လက်မြင့်တက်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန် တိုက်တွန်းထားသည်။ လက်ရှိတွင် ချင်းမိုင်အာဏာပိုင်များက လေထုသန့်စင်ခန်း (Clean Air Rooms) ပေါင်း ၂,၀၀၀ ကျော်ကို ဖွင့်လှစ်ပေးထားပြီး တောမီးလောင်ကျွမ်းမှုများကို ဒရုန်းနည်းပညာဖြင့် စောင့်ကြည့်ကာ တရားမဝင် မီးရှို့သူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


