မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်ရပ်ကွက်တွင် မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာမှ လင်ဖြစ်သူက မိမိနေအိမ်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ နေအိမ်မီးရှို့မှုကြောင့် ဘေးပတ်ဝန်းကျင်သို့ မီးကူးစက်မှုမရှိစေရန် သိမ်ဆိပ်နယ်မြေရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး၊ မူးယစ်ရမ်းကားကာ နေအိမ်ကို မီးရှို့ခဲ့သူ အိမ်ရှင် မောင်လုံးဒီကို သိမ်ဆိပ်ရဲစခန်းက ဖမ်းဆီးစစ်ဆေး အရေးယူလျက်ရှိကြောင်း သိရှိရပါသည်။
သထုံမြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ နေအိမ်မီးရှို့မှုဖြစ်ပွား၊ အိမ်ရှင်အမျိုးသားကို ဖမ်းဆီးအရေးယူ
Mar 29 • 6:44 AM
Myanmar
Local
Share
| 12 | 0 | 0 | 0 |


