back

အာဆင်နယ်ကစားသမား သုံးဦးအပါအဝင် ကစားသမား ရှစ်ဦးကို တူဟယ်လ် ပြန်လွှတ်

Mar 29 • 6:46 AM

breaking-news

Myanmar

International

cover

အာဆင်နယ်ကစားသမား သုံးဦးအပါအဝင် ကစားသမား ရှစ်ဦးကို တူဟယ်လ် ပြန်လွှတ်

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်သည် ဒဏ်ရာနှင့် ကြံ့ခိုင်မှုပြဿနာများကြောင့် အာဆင်နယ်ကြယ်ပွင့်များဖြစ်ကြသော ဆာကာ၊ ဒက်ကလန်ရိုက်စ်နှင့် မာဒူအေကေတို့အပ...

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်သည် ဒဏ်ရာနှင့် ကြံ့ခိုင်မှုပြဿနာများကြောင့် အာဆင်နယ်ကြယ်ပွင့်များဖြစ်ကြသော ဆာကာ၊ ဒက်ကလန်ရိုက်စ်နှင့် မာဒူအေကေတို့အပါအဝင် စုစုပေါင်းကစားသမား ၈ ဦးကို မိခင်ကလပ်များထံ ပြန်လည်စေလွှတ်လိုက်သည်။ ၎င်းတို့အပြင် ဂျွန်စတုန်းစ် (မန်စီးတီး)၊ ကယ်လ်ဗတ်လူဝင် (လိဒ်စ်)၊ ဝေါ်လ်တန် (ပဲလေ့စ်)၊ ရမ်းစ်ဒေးလ် (နယူးကာဆယ်) နှင့် တိုမိုရီ (အေစီမီလန်) တို့လည်း ပါဝင်ပြီး လက်ရှိတွင် အင်္ဂလန်အသင်းလူစာရင်း၌ ၂၇ ဦးသာ ကျန်ရှိတော့သည်။ အင်္ဂလန်အသင်းသည် လာမည့်အင်္ဂါနေ့တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အဆိုပါပွဲစဉ်တွင် ဟာရီကိန်း၊ ဂေါ်ဒွန်နှင့် မော်ဂန်ရော်ဂျာစ်တို့ကို အဓိကပွဲထွက်ကစားစေရန် စီစဉ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

5