ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် လက်လီဈေးဆိုင်များအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းအက်ဥပဒေကို တိကျစွာလိုက်နာရန်နှင့် ဈေးနှုန်းများကို ဝယ်ယူသူများ အလွယ်တကူမြင်နိုင်အောင် ရှင်းလင်းစွာ ကပ်ထားရန် သတိပေးချက်ထုတ်ပြန်လိုက်သည်။ ဈေးနှုန်းကပ်ရန် ပျက်ကွက်ပါက ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး၊ အကြောင်းပြချက်မရှိဘဲ ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း သို့မဟုတ် အရောင်းအဝယ်ပြုရန် ငြင်းဆန်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ၇ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။ အများပြည်သူများအနေဖြင့် ဈေးနှုန်းမကပ်သည့်ဆိုင်များနှင့် ဈေးတင်ရောင်းသည့်ဆိုင်များကို ဟော့လိုင်းနံပါတ် ၁၅၆၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။
Mar 29 • 6:43 AM
Thailand
Local News
Share
| 5 | 0 | 0 | 0 |


