မန္တလေးငလျင်ကြီး(၁)နှစ်ပြည့်အခမ်းအနားအား ယနေ့ မတ် ၂၈ ရက်မွန်းလွဲပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၁ တွင်ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာနအပါ အဝင် ဝန်ကြီးဌာနအသီးသီးမှ မန္တလေးငလျင်ကြီးပြီးနောက် ၎င်းတို့၏တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအားပြခန်းများဖွင့်လှစ်ပြသခဲ့ကြကြောင်း သိရသည်။နိုင်ငံခြားရေးဝန်ကြီးဌာနမှ ငလျင်ကြောင့် ဝန်ကြီးဌာန နှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦးများပြိုကျပျက်စီးမှုနှင့် ပြန်လည်တည်ဆောက်ပြီးစီးသည့် အနေအထားများ၊ ငလျင်ပြီးနောက် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီများ အချိန်နှင့်တပြေးညီရောက်ရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်း စပ်ညှိနှိုင်းခဲ့သည့်အခန်းကဏ္ဍများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်မှုများအားပြသခဲ့ကြောင်း သိရသည်။
Mar 29 • 6:30 AM
Myanmar
International
Share
| 4 | 0 | 0 | 0 |


