နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော် Somdet Phra Ariyavongsagatanana တို့ မတ် ၂၅ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Wat Ratchabophit ကျောင်းတော်၌တွေ့ဆုံခဲ့ကြသည်။တွေ့ဆုံစဥ် သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ မြန် မာ-ထိုင်း သံဃာတော်နှင့် ပြည်သူများကြားချစ်ကြည် ရေးခိုင်မြဲပါစေနှင့် ဆရာတော်ကြီး သက်တော်ရာကျော်ရှည်၍ကျန်းမာပါစေဟုဆုတောင်းမေတ္တာပို့သခဲ့ပြီး ထိုင်းဘုရင့်မယ်တော်မိဖုရားကြီး ကွယ်လွန်အနိစ္စ ရောက်ခြင်းကိုဝမ်းနည်းကြောင်း မိန့်ကြားတော်မူခဲ့သည်။ထို့အတူ ထိုင်းနိုင်ငံ၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်မှလည်း ထိုင်း-မြန်မာနှစ်နိုင်ငံကြားချစ်ကြည် ရေးခိုင်မာကာ မိမိအနေဖြင့် မြန်မာသံဃာတော်များနှင့် ပြည်သူများအပေါ်မေတ္တာထားပြီး ကောင်းကျိုးချမ်းသာများပြည့်စုံစေရန်ဆုတောင်းသည်ဟု ပြန်လည်မေတ္တာပို့သခဲ့သည်။ 
မြန်မာ-ထိုင်း သံဃာတော်နှင့် ပြည်သူများကြားချစ် ကြည်ရေးခိုင်မြဲပါစေဟု သန်လျင်မင်းကျောင်းဆရာတော်ကြီးဆုတောင်းမေတ္တာပို့
Mar 29 • 6:32 AM
Myanmar
International
Share
| 6 | 0 | 0 | 0 |


