စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ယနေ့ မတ် ၂၈ ရက်နံနက်ပိုင်းက မန္တလေးငလျင်ကြီး(၁)နှစ်ပြည့်အဖြစ် ကောင်းမှုကုသိုလ်ပြုပွဲနှင့် တရားတော်နာယူပွဲကို စစ်ကိုင်းမြို့ကျက်သရေဆောင် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ကျင်းပခဲ့သည်။နိုင်ငံတော်ဩဝါဒစရိယ၊ သီတဂူဆရာတော်ဘုရားကြွရောက်တော်မူကာ သံဝေဂကထာတရားတော်ကိုမြွက် ကြားချီးမြှင့်တော်မူခဲ့ပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ေသဆုံးခဲ့ရသူများအားရည်စူး၍ ကောင်းမှုကုသိုလ်အစုစုကိုအမျှပေးဝေခဲ့ကြသည်။
Mar 29 • 6:29 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


