လာမည့် ဧပြီလအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၂၆ ရက်က သတိပြုလိုက်နာရမည့် ကျန်းမာရေးအသိပေးချက်များကိုနှိုးဆော်ထုတ်ပြန်ခဲ့သည်။အပူဒဏ်အန္တရာယ်မှကာကွယ်ရန် နေ့လယ်ပိုင်းနေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့်နေရာများ၌နားနေပါ၊ အပြင်ထွက်ပါက (ထီး၊ ဦးထုပ်) တို့အသုံးပြုပါ၊ ရေဓာတ်ခန်းခြောက်မှုမှကာကွယ်ရန် သန့်ရှင်းသည့်သောက်ရေမကြာခဏသောက်ပါ၊ အရက်သောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် အထူးသတိပြုရန်တို့ကို အသိပေးခဲ့သည်။
| 17 | 0 | 0 | 0 |


