back

၂၀၂၆ ခုနှစ် နွေရာသီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်

Mar 29 • 5:52 AM

breaking-news

Myanmar

Naypyidaw

cover

၂၀၂၆ ခုနှစ် နွေရာသီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲ...

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့က 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ရှေးဦးပြုစုခြင်း (First Aid) သည် ထိခိုက်ဒ-ဏ်ရာရရှိခြင်း၊ ရုတ်တရက်ဖျားနာခြင်းများ ကြုံလာရသည့်အခါတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ဆီမရောက်ခင်ရရှိလာသည့် ပစ္စည်းကိရိယာများနှင့် အရေးပေါ်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ချိန်တွင် ရှေးဦးပြုစုပေးခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေခြင်း ဖြစ်သည်။

news-view-count-icon

6