ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ဘတ်စကားလိုင်းများတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရန်နှင့် ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ် ပေါ်ထွန်းလာစေရန်အတွက် လျှပ်စစ်ဘတ်စကား (EV Bus) များဖြင့် အစားထိုးပြေးဆွဲနိုင်ရေး စမ်းသပ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံမှ EV ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် EV Bus နှစ်စီးကို ဝယ်ယူကာ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ နိုင်ငံတော်၏ ရည်မှန်းချက်အရ ၂၀၅၀ ပြည့်နှစ်တွင် EV ယာဉ် ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်ရန် ရည်ရွယ်ထားရာ၊ ယခုအခါ မြန်မာနိုင်ငံတွင် EV ယာဉ်အစီးရေ ၂၇,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
Mar 29 • 5:52 AM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


