back

အရက်မူးနေတဲ့ သံဃာအယောင်ဆောင်ထားသူက အမျိုးသမီးငယ် ၁ ဦးကို ကားနဲ့ တိုက်ပြီး ထွက်ပြေး

Mar 29 • 5:51 AM

breaking-news

Myanmar

Bago

cover

အရက်မူးနေတဲ့ သံဃာအယောင်ဆောင်ထားသူက အမျိုးသမီးငယ် ၁ ဦးကို ကားနဲ့ တိုက်ပြီး ထွက်ပြေး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် မတ်လ ၂၈ ရက် ညပိုင်းက အမျိုးသမီးငယ်တစ်ဦးကို ကားဖြင့်တိုက်၍ ထွက်ပြေးသွားသည့် အရက်မူးနေသော...

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် မတ်လ ၂၈ ရက် ညပိုင်းက အမျိုးသမီးငယ်တစ်ဦးကို ကားဖြင့်တိုက်၍ ထွက်ပြေးသွားသည့် အရက်မူးနေသော ရဟန်းအတုတစ်ဦးကို သာသနာရေးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (သာ/ထိန်း) နှင့် ပရဟိတအဖွဲ့များက လိုက်လံဖမ်းဆီးရမိခဲ့သည်။ အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဘုန်းကြီးကမ္ဗည်းတပ်ထားသော ကားသည် အသက် ၂၅ နှစ်အရွယ် စက်ဘီးစီးလာသူ အမျိုးသမီးကို တိုက်မိပြီးနောက် လယ်ကွင်းထဲတွင် ကားကိုစွန့်ပစ်ကာ ခြေကျင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။မြို့နယ်သံဃနာယကအဖွဲ့၏ စစ်ဆေးချက်အရ ဖမ်းဆီးရမိသူမှာ သာသနာရေးမှတ်ပုံတင်ကို လက်ရေးဖြင့် ပြုပြင်ထားသည့် ရဟန်းတုတစ်ဦးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ၎င်း၏ကားအတွင်းမှ သက်တမ်းလွန် နိုင်ငံကူးလက်မှတ် (Passport) နှင့် ထောက်ခံစာအတုများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

news-view-count-icon

7