၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားလိုက်သည်။ လက်ရှိတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ မြင့်တက်နေခြင်းနှင့် လေစီးကြောင်းပြောင်းလဲမှုများကြောင့် မုန်တိုင်းဖြစ်နိုင်ခြေရှိနေပြီး၊ တစ်ချိန်တည်းမှာပင် လေပွေလှိုင်းများနှင့် မုတ်သုန်အကြိုအခြေအနေများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမှုများ ရှိလာနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်အသီးသီးတွင် ရေမှတ်များမှာ ၅ ပေမှ ၇ ပေအထိ လက်ရှိထက် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများအနေဖြင့် ရုတ်တရက်ရေတက်လာမှုကို သတိပြုရန် လိုအပ်ကြောင်း သိရှိရပါသည်။


