ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးဌာနက မတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖားဟမ်းရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာ ၃ ဦး၊ လာအို ၁ ဦးနှင့် မှတ်ပုံတင်မရှိသူ ၃ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်မရှိခြင်းနှင့် လုပ်ငန်းခွင်အပြောင်းအလဲ အကြောင်းကြားရန် ပျက်ကွက်ခြင်းတို့ဖြင့် အမှုဖွင့်ထားသည်။ ထို့အပြင် ဆန်ဆိုင်းမြို့နယ်ရှိ လုပ်ငန်းခွင်တစ်ခုတွင်လည်း အလှပြင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ၂ ဦးနှင့် အိမ်အကူ ၁ ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
Mar 29 • 5:00 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


