back

ယူကေမှခွဲစိတ်ဆရာဝန်ကစက်ရုပ်ဖြင့်ညွှန်ကြားကာ ဝေးလံသောဂျီဘရာတာမှဆီးကျိတ်လူနာအားခွဲစိတ်

Mar 29 • 4:45 AM

breaking-news

Myanmar

Local

breaking-news
cover

ယူကေမှခွဲစိတ်ဆရာဝန်ကစက်ရုပ်ဖြင့်ညွှန်ကြားကာ ဝေးလံသောဂျီဘရာတာမှဆီးကျိတ်လူနာအားခွဲစိတ်

ဂျီဘရာတာမှ အသက် ၆၂ နှစ်ရှိတဲ့ ကင်ဆာလူနာတစ်ဦးကို၁ ၁,၅၀၀ မိုင်ကွားဝေးတဲ့ လန်ဒန်မှ ခွဲစိတ်ဆရာဝန်ကနေ အောင်မြင်စွာ စက်ရုပ်ဖြင့်ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဆေးပည...

ဂျီဘရာတာမှ အသက် ၆၂ နှစ်ရှိတဲ့ ကင်ဆာလူနာတစ်ဦးကို၁ ၁,၅၀၀ မိုင်ကွားဝေးတဲ့ လန်ဒန်မှ ခွဲစိတ်ဆရာဝန်ကနေ အောင်မြင်စွာ စက်ရုပ်ဖြင့်ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဆေးပညာနယ်ပယ်မှာ ထူးခြားအောင်မြင်တဲ့ မှတ်ကျောက်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ လူနာ ပေါလ်ဘက်စ်တန်ရဲ့ ဆီးကျိတ်ကို ဂျီဘရာတာ စိန့်ဘားနက်ဆေးရုံမှာ 3D ကင်မရာတပ်ဆင်ထားတဲ့ နည်းပညာမြင့် လက် ၄ ချောင်းပါစက်ရုပ်ဖြင့် ခွဲစိတ်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ကို ဟာလေလမ်း လန်ဒန်ဆေးခန်းမှ ဆီးလမ်းကြောင်းအထူးကု ပရော်ဖက်ဆာ ပရိုကာဒက်စ်ဂူ့ပ်တာက အဝေးကနေ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ Microport မှထုတ်လုပ်တဲ့ Toumai Robotic System နဲ့ Presidio နည်းပညာတို့မှ ကူညီပေးတာဖြစ်ပြီး တိကျမှုမြင့်မားကာ ဆရာဝန်ညွှန်ကြားချက်နဲ့ စက်ရုပ်လုပ်ဆောင်ချက်တို့ကြား ကြာမြင့်ချိန် ၀.၀၆ စက္ကန့်သာ ရှိခဲ့ပါတယ်။


news-view-count-icon

15