စင်ကာပူနိုင်ငံ၊ တောင်ဘက်ကျွန်းစု (Southern Islands) အနီး ပင်လယ်ပြင်တွင် မတ်လ ၂၇ ရက် (သောကြာနေ့) နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်က အပျော်စီးစက်လှေ (Pleasure Craft) တစ်စီးနှင့် ကုန်တင်သင်္ဘော (Supply Vessel) တစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး၊ အပျော်စီးစက်လှေပေါ်ပါလာသူ ၃ ဦးအနက် ၁ ဦး ပျောက်ဆုံးနေကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA) က မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ကျန်ရှိသည့် လူ ၂ ဦးကိုမူ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး၊ ကုန်တင်သင်္ဘောပေါ်ရှိ ဝန်ထမ်းများအားလုံးမှာလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ လက်ရှိတွင် စင်ကာပူကမ်းခြေစောင့်ရဲတပ်ဖွဲ့၊ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) နှင့် MPA တို့ ပူးပေါင်း၍ ရေယာဉ်များအသုံးပြုကာ ပျောက်ဆုံးနေသူကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး၊ အနီးနားရှိ ရေယာဉ်များကိုလည်း ကူညီစောင့်ကြည့်ပေးရန် သတိပေးချက် ထုတ်ပြန်ထားပါသည်။ ပျောက်ဆုံးနေသူ၏ မိသားစုဝင်များကိုလည်း အာဏာပိုင်များက ဆက်သွယ်အကြောင်းကြားထားပြီး လိုအပ်သည်များကို ကူညီပေးနေကြောင်း သတင်းတွင် ဖော်ပြထားပါသည်။
Mar 29 • 2:34 AM
Singapore
Local News
Share
| 9 | 0 | 0 | 0 |


