ရခိုင်ပြည်မှာ ငွေထုတ်ခ ရာနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ သိရပါတယ်။အခုမတ်လအစပိုင်းမှာ ငွေထုတ်ခ ၂% သာရှိခဲ့ရာကနေ အခုမတ်လကုန်ပိုင်းမှာ ၃% ကနေ ၃.၅% အထိ မြင့်တက်နေတယ်လို့ ငွေထုတ်ယူသူတွေနဲ့ ငွေလွှဲငွေထုတ်လုပ်ကိုင်သူတွေက ပြောပါတယ်။ငွေထုတ်ခရာနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပြီး ရာနှုန်းတက်သွားရင် ငွေထုတ်သူတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ ဆိုကြသည်။ငွေထုတ်ခ ရာနှုန်းသာ သက်သာရင် စားဝတ်နေရေးအတွက် အထောက်အကူဖြစ်နိုင်ပြီး အဆင်ပြေနိုင်တယ်လို့ ရခိုင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
| 6 | 0 | 0 | 0 |


