မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းတို့ကို သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။ထိုသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရေးခြင်း၊ စာဖတ်ခြင်းများနှင့် စာကျက်ခြင်းများအပြင် မိမိတို့ ဝါသနာပါသည့် အသိပညာ၊ အတတ်ပညာများဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး၊ ယဉ်ကျေးလိမ္မာသင်တန်းကို့ ဆရာမဒေါ်မိုးဆွေကလည်းကောင်း၊ အခြေခံ အင်္ဂလိပ်စာ သင်တန်းကို အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဟူ၍ နှစ်မျိုးခွဲသင်ကြားပြီး ဆရာမ ဒေါ်မြမြမျိုးသူနှင့် ဆရာမ ဒေါ်အိအိသန့်တို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊မင်းဘူးခရိုင်၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ
Mar 29 • 2:32 AM
Myanmar
Magway
Share
| 8 | 0 | 0 | 0 |


