back

ကယားပြည်နယ်၊ဒီးမော့ဆိုတွင် စက်သုံးဆီစျေးနှုန်းကြောင့် ရေကားစျေး မြင့်တက်

Mar 29 • 2:30 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆိုတွင် စက်သုံးဆီစျေးနှုန်းကြောင့် ရေကားစျေး မြင့်တက်

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ရေကားစျေးမြင့်တက် လာကြောင်း ဒေသခံများကပြောသည်။" ဆီစျေးကြောင့်ပေါ့...

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ရေကားစျေးမြင့်တက် လာကြောင်း ဒေသခံများကပြောသည်။" ဆီစျေးကြောင့်ပေါ့ ဆီစျေးက အခု တစ်ဂါလံ ၄ သောင်းလေ ၊ ရေကားကတော့ အနီးအဝေးပေါ်တော့မူတည်တယ်။ ပျှမ်းမျှအားဖြင့် ၃ သောင်းလောက်တက်သွားတာပဲ " ဟု ရေကားပို့သူတစ်ဦးကပြောသည်။ ယခင်က ဂါလံ ၈၀၀ ဆံ့ ရေတစ်ကားလျှင် ၃၀,၀၀၀ ကျပ်သာ ကျသင့်သည့်နေရာတွင် ယခုအခါ ၄၅,၀၀၀ ကျပ်အထိ ရှိလာပြီး ဂါလံ ၁,၅၀၀ ကျော်ဆံ့ ရေကားကြီးတစ်စီးကို ယခင်က ၈၀,၀၀၀ ကျပ်ပေးရသည့်နေရာတွင် ယခု ၁၂၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ကယားပြည်နယ်တွင် နှစ်စဥ် နွေရာသီ၌ ရေရှားပါးသည့် ပြဿနာကြောင့် ဒေသတွင်းနေထိုင်သူများသည် သောက်သုံးရေ အတွက် ရေထွက်ပေါက်များမှတဆင့် ရေကားများဖြင့် ဝယ်ယူ သုံးစွဲ ကြရသည်။

news-view-count-icon

5