back

မွန်-ကရင် နယ်စပ်ရှိ ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ် ၇၀,၀၀၀ကျော်အထိ ဖြစ်နေ

Mar 29 • 3:11 AM

breaking-news

Myanmar

Mon

cover

မွန်-ကရင် နယ်စပ်ရှိ ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ် ၇၀,၀၀၀ကျော်အထိ ဖြစ်နေ

မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။စက်သုံးဆီ အခက်အခဲဖြစ်ပြီး ဈေးနှုန်းမြင့...

မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။စက်သုံးဆီ အခက်အခဲဖြစ်ပြီး ဈေးနှုန်းမြင့်တက်နေချိန် ဂျိုင်းမြစ်ဒေသတွင် အလှူပွဲတော် များသည့်အတွက် အခြားဒေသများထက် စက်သုံးဆီဈေး ပိုမြင့်နေသည်ဟု ဆိုသည်။ ဆီပြတ်လပ်နေချိန်တွင် အလှူပွဲတော် ကျင်းပသူတို့က ဈေးကြီးပေး စက်သုံးဆီ လိုက်ဝယ်နေသည့်အတွက် ဆီအရောင်းဆိုင်များကလည်း ဈေးအဆမတန် တင်ရောင်းလာကြသည်ဟု ဒေသခံတို့က ပြောသည်။

news-view-count-icon

6