back

ထိုင်းနိုင်ငံ လူဦးရေ ၆၅.၈ သန်းထိလျော့နည်းလာ

Mar 29 • 2:23 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ လူဦးရေ ၆၅.၈ သန်းထိလျော့နည်းလာ

ထိုင်းနိုင်ငံ၊ဗဟိုမှတ်ပုံတင်ရုံးရဲ့ ဒီဇင်ဘာ ၃၁ ရက်၂၀၂၅ အထိ အချက်အလက်တွေအရ ထိုင်းမှာ လူဦးရေ ၆၅,၈၀၉,၀၁၁ ဦးရှိပြီး အရင်ကထက် လျော့နည်းလာတယ်လို့ဆိုပါတယ်။အရပ်ဘက်မှတ်ပ...

ထိုင်းနိုင်ငံ၊ဗဟိုမှတ်ပုံတင်ရုံးရဲ့ ဒီဇင်ဘာ ၃၁ ရက်၂၀၂၅ အထိ အချက်အလက်တွေအရ ထိုင်းမှာ လူဦးရေ ၆၅,၈၀၉,၀၁၁ ဦးရှိပြီး အရင်ကထက် လျော့နည်းလာတယ်လို့ဆိုပါတယ်။အရပ်ဘက်မှတ်ပုံတင်စနစ်အရ ထိုင်းနိုင်ငံသား ၆၄,၈၂၀,၇၀၈ ဦးနှင့် ထိုင်းနိုင်ငံသားမဟုတ်

တဲ့ နေထိုင်သူ ၉၈၈,၆၂၀ ဦးတို့ပါဝင်နေတယ်လို့ဆိုပါတယ်။၂၀၂၄ က လူဦးရေ ၆၅,၉၅၁,၂၁၀ ဦးထက် ၁၄၂,၁၉၉ ဦး (သို့) ၀.၂% ထက်နည်းသွားပါတယ်။ အဓိကတော့ မွေးဖွားနှုန်းထက် သေဆုံးနှုန်းများနေတာဖြစ်သလို ထိုင်းနိုင်ငံဟ, မွေးဖွားနှုန်း အလွန်အမင်း ကျဆင်းနေတဲ့ပြဿနာကို ရင်ဆိုင်နေရပြီး ပညာရှင်တွေက လာမယ့်ဆယ်စုနှစ် ၆ ခုအတွင်း နိုင်ငံ့ လူဦးရေမှာ ထက်ဝက်ခန့်အထိ လျော့ကျသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

news-view-count-icon

15