ရခိုင်ပြည်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အခြေခံလူတန်းစားတွေ ပိုမိုအခက်ကြုံနေရတယ်လို့ သိရပါတယ်။ရသေ့တောင်မြို့နယ်က လူမှုရေးဆောင်ရွက်နေသူတစ်ယောက်က “မိုင်းဆိုတာကလည်း နယ်မြေပဋိပက္ခဖြစ်တဲ့ တောတောင်လိုနေရာတွေမှာ ပိုရှိတာကိုး။အထူးသဖြင့် တောတောင်တွေ၊ ချောင်းကမ်းဘေးတွေက ပိုများတယ်။ ဒီနေရာတွေဟာ တစ်နေ့စာတစ်နေ့ ရှာစားနေရသူတွေရဲ့ အဓိက ရှာဖွေရာ၊ မှီခိုရာနေရာပါ။ ဒီနောက်ပိုင်း မကြာခဏကို မိုင်းထိတာတွေ ကြုံနေကြရတာတွေ့တယ်။ ဒီလိုမျိုးတွေကြောင့် ရှာဖွေစားသောက်ဖို့ မသွားရဲ၊ မလာရဲ၊ တခြားအလုပ်လည်း မရှိနဲ့ ပိုပိုခက်ခဲလာနေတာမျိုးကိုတော့ တွေ့ရပါတယ်”လို့ ပြောပါတယ်။မိုင်းနင်းမိမှာ စိုးရိမ်ပူပန်နေကြသူများဟာ တောတောင်၊ မြစ်ချောင်းတွေကို မှီခိုပြီးတော့ လုပ်ကိုင်စားသောက်နေကြရသူတွေဖြစ်တယ်လို့ မိုင်းအသိပညာပေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ 
Mar 29 • 2:22 AM
Myanmar
Rakhine
Share
| 9 | 0 | 0 | 0 |


