အင်တာမိုင်ယာမီအသင်းဟာ သူတို့ရဲ့ ကွင်းသစ်ဖြစ်တဲ့ Nu Stadium မှာရှိတဲ့ ပွဲကြည့်စင်တခုကို အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီရဲ့အမည်နဲ့ ဂုဏ်ပြုမှည့်ခေါ် လိုက်ပါတယ်။အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားဂန္ထဝင်ဟာ အသင်းအတွက် သွင်းဂိုး ၈၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၃ ကြိမ်အထိ ပြုလုပ်ပေးထားပြီး ကလပ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။အသင်းတာဝန်ရှိသူတွေကတော့ အခုလို ဂုဏ်ပြုမှုဟာ ထူးထူးခြားခြား လက်ရှိကစားနေဆဲ ကစားသမား တယောက်ကို ဂုဏ်ပြုတာဖြစ်ပြီး မက်ဆီရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည် တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။မက်ဆီဟာ အင်တာမိုင်ယာမီကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ဖလား ၃ လုံးအထိ ဆွတ်ခူးပေးထားနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီဟာ ဒီကွင်းသစ်မှာ ပထမဆုံးပွဲစဉ်အဖြစ် လာမဲ့ ဧပြီ ၅ ရက်မှာ အော်စတင်အက်ဖ်စီ နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Mar 29 • 2:20 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


