back

ထိုင်းမှာ NETA EV ကားတွေကို တစ်ဝက်ဈေးတိတိ အရှုံးခံရောင်းနေ

Mar 29 • 2:24 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ NETA EV ကားတွေကို တစ်ဝက်ဈေးတိတိ အရှုံးခံရောင်းနေ

ထိုင်းနိုင်ငံမှာရှိနေတဲ့ NETA လျှပ်စစ်ကား အရောင်းကိုယ်စားလှယ်တစ်ဦးအဆိုအရ ကားဈေးနှုန်းတွေကို ၅၀% အထိ လျှော့ရောင်းနေရပြီး အရှုံးပေါ်နေတယ်လို့ပြောပါတယ်။ ဘတ် သန်း ၇...

ထိုင်းနိုင်ငံမှာရှိနေတဲ့ NETA လျှပ်စစ်ကား အရောင်းကိုယ်စားလှယ်တစ်ဦးအဆိုအရ ကားဈေးနှုန်းတွေကို ၅၀% အထိ လျှော့ရောင်းနေရပြီး အရှုံးပေါ်နေတယ်လို့ပြောပါတယ်။ ဘတ် သန်း ၇၀၀ ကျော်တန်ဖိုးရှိတဲ့ ကား ၁၀၀၀ ကျော်ကို ရောင်းချနေရတာဖြစ်ပြီး ဘတ် သန်း ၅၀၀ ကျော်အရှုံးပေါ်နေတယ်လို့ ကိုယ်စားလှယ်ကပြောပါတယ်။မိခင် NETA ကုမ္ပဏီက ကားဈေးကွက် ပေါက်ဈေးကို လျှော့ချလိုက်သလို၊ After Sales Cost ကိုလည်း ဘတ် သန်းနဲ့ချီပေးဖို့ ပျက်ကွက်ခဲ့လို့ အရောင်းဆိုင်တွေ ဒုက္ခတွေ့နေရတာပါ။ လက်ရှိမှာ ကားအစီးရေ ၃၀၀ ကျော်ကို စျေးနှုန်းအကြီးအကျယ်လျှော့ချ၊ ရှင်းထုတ်နေပြီး မူလ ၅၆၉,၀၀၀ ဘတ် တန်ဖိုးရှိတဲ့ NETA V-II တစ်စီးကို ၂၉၉,၀၀၀ ဘတ် ဖြင့်သာ ရောင်းချပေးနေသော်လည်း အာမခံ  မပါဝင်တော့ဘူးတဲ့။အရှုံးပေါ်နေပေမယ့် ကားတွေက ယုံကြည်စိတ်ချရပြီး ပြုပြင်ရလွယ်ကူကြောင်း၊ လောင်စာဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် EV ကားတွေအပေါ် စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာတယ်လို့ အရောင်းကိုယ်စားလှယ်က ပြောပြခဲ့ပါတယ်။

news-view-count-icon

14