back

ပြည်တွင်း၌ဆန်စက်အပိုပစ္စည်းစျေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်တဲ့အခြေအနေ ဖြစ်ပေါ်နေ

Mar 29 • 1:20 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ဆန်စက်အပိုပစ္စည်းစျေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်တဲ့အခြေအနေ ဖြစ်ပေါ်နေ

ပြည်တွင်း၌ ဆန်စက်လုပ်ငန်းအတွက် ဆက်စပ်အပိုပစ္စည်း စျေးနူန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် ဝယ်ယူဖို့ခက်တဲ့ ပြဿနာကို ဆန်စက်ပိုင်ရှင်တွေ ရင်ဆိုင်နေကြရတယ်လို့ ဆန်စက်ပိ...

ပြည်တွင်း၌ ဆန်စက်လုပ်ငန်းအတွက် ဆက်စပ်အပိုပစ္စည်း စျေးနူန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် ဝယ်ယူဖို့ခက်တဲ့ ပြဿနာကို ဆန်စက်ပိုင်ရှင်တွေ ရင်ဆိုင်နေကြရတယ်လို့ ဆန်စက်ပိုင်တွေဆီက စုံစမ်းသိရှိရပါတယ်။ ဆန်စက် အပိုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်း စျေးနူန်းတွေက ဒီနှစ်ပိုင်းထဲမှာမှ ပိုပြီးတော့ မြင့်တက်လာတာဖြစ်ကြောင်း အရင်နဲ့ယှဥ်ရင် စျေးနူန်းက အနည်းဆုံး ခုနှစ်ဆလောက်ကနေ ၁၆ ဆလောက်အထိ စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ် ။ ခုလိုသာ ဆန်စက်အပိုပစ္စည်းတွေ ဝယ်ယူရခက်ပြီး စျေးနူန်းအဆမတန် ဆက်လက်မြင့်တက်နေပါက ဆန်စက်ပိုင်တွေအနေနဲ့ အရည်အသွေးကောင်းတဲ့ဆန်ကြိတ်ခွဲနိုင်မှုအခြေအနေ ပိုပြီးလျော့ကျလာနိုင်တယ်လို့ ဆိုပါတယ်။ဆန်စက်အပိုပစ္စည်းတွေကို ပြည်ပကနေသာ အဓိက တင်သွင်းရတာဖြစ်ကြောင်း လက်ရှိမှာက သွင်းကုန်လုပ်ငန်းရှင်တွေကို Import License ချပေးမှုမှာ ကြန့်ကြာမှုတွေရှိနေတဲ့အတွက် ပစ္စည်းတွေက ဝယ်ယူရခက်ပြီး စျေးနူန်းအဆမတန် မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

news-view-count-icon

42