လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနဲ့ ဓါတ်မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာတာဟာ မြန်မာပြည်တွင်းရှိ ထိခိုက်လွယ်တဲ့ မိသားစုတွေရဲ့ ဝမ်းရေးကို ပိုမို ကြပ်တည်းလာနေစေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဒီနေ့မှာ ထုတ်ပြန်၊ သတိပေးပါတယ်။ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းတို့မှာ အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတ ပုံဖြစ်တဲ့ ၁၂ ဒသမ ၄ သန်းရဲ့ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေဟာ ပိုမိုဆိုးရွားသွားစေမယ်လို့ WFP က ဆိုပါတယ်။အိမ်ထောင်စုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း စားနပ်ရိက္ခာဖူလုံရုံမျှသာဖြစ်တဲ့ တစ်နေ့စာ တစ်နေ့လောက်ငှရုံ အခြေအနေမှာရှိနေတဲ့အတွက် အနည်းငယ်မျှသော ထပ်ဆင့်ရိုက်ခတ်မှုမျိုးကိုပင် တောင့်ခံနိုင်စွမ်းမရှိကြပေမယ့် အခု အခါ အဲဒီထပ်ဆင့်ရိုက်ခတ်မှုဒဏ်ကို စတင်ခံစားနေရပြီဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်၊ ဈေးနှုန်းမြင့်တက်လာတာဟာ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကုန် စည်တွေ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကိုပါ မြင့်တက်စေပြီး မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေတဲ့ တောင်သူ လယ်သမားတွေကိုပါ ရိုက်ခတ်လျက်ရှိနေပါတယ်။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ပြည်သူ ၁၂.၄သန်းနီးပါး စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေ ကြုံတွေ့နိုင်ရဟု WFPဆို
Mar 29 • 1:23 AM
Myanmar
Local
Share
| 15 | 0 | 0 | 0 |


