back

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပ

Mar 29 • 1:16 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် မတ် ၂၇ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ရာ တရုတ်နိုင...

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် မတ် ၂၇ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ရာ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ဆင့်တိုး မြှင့်တင်ရေးအတွက် အလေးထားမှာကြားခဲ့သည်။ရှုံအန်းဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် လက်တွေ့ကျ၍ ထိရောက်သည့် အစီအမံများ ဆောင်ရွက်ရေး၊ ပေကျင်း၏ မြို့တော်အင်္ဂါရပ်၌ အရေးတကြီး မလိုအပ်သော လုပ်ငန်းဆောင်တာများကို လျှော့ချခြင်းနှင့် အဆိုပါ လုပ်ငန်းဆောင်တာများကို ယင်းဧရိယာသစ်၏ လိုက်လျောညီထွေ လက်ခံဆောင်ရွက်နိုင်မှုနှင့် ဆွဲဆောင်နိုင်မှုအတွက် အရှိန်အဟုန်များ ဖြည့်တင်းရေးအတွက် ထိုအစည်းအဝေး၌ တိုက်တွန်းခဲ့သည်။

news-view-count-icon

9