back

ကချင်ပြည်နယ်ရှိ ပယင်းများ ဝယ်ယူသူမရှိသလောက်နည်းပါးနေ

Mar 29 • 1:15 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်ရှိ ပယင်းများ ဝယ်ယူသူမရှိသလောက်နည်းပါးနေ

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသ...

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသွားတဲ့အပြင် စျေးကွက်ပါ ပျောက်လုနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။နယ်မြေပဋိပက္ခများကြောင့် ပယင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လို့မရတော့ဘဲ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းရှင်တွေဟာ အရှုံးပေါ်ပြီး မှော်ဒေသအတွင်းကနေ ထွက်ခွာသွားကြတာများတယ်လို့ ပယင်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ပယင်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်အများပိုင်းက မှော်ဒေသကို ဆက်ပြီးစွန့်ခွာသွားကြပြီး ပယင်းတူးဖော်ရေးလုပ်ငန်းတွေကို ရပ်တန့်လိုက်ရသလို တစ်ချို့လုပ်ငန်းရှင်တွေက ရွှေလုပ်ငန်းဘက်ကို ပိုးပြီး ဦးစားပေးလုပ်ကိုင်လာကြတယ်လို့ ပယင်းလုပ်ကိုင်သူတွေပြောပါတယ်။

news-view-count-icon

9