ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေး AQI အညွှန်းကိန်း ၂၁၉၊ ခရမ်းရောင် (Very Unhealthy)အဆင့်သို့ ရောက်ရှိနေသဖြင့် လေထုညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာဆောင်များ၊ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းနှင့် မီးသတ်ယာဉ် များဖြင့် ရေမှုန်ရေမွှားများပက်ဖြန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက လေယာဉ်ကွင်းလမ်းဆုံမှစ၍ ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက် ဆောင်ရွက်ခဲ့သည်။တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာချက်များအရ မတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်ထိ AQI အညွှန်းကိန်း ၁၉၈၊ မတ်လ ၂၇ ရက်နေ့မှ ၂၈ ရက်ထိ AQI အညွှန်းကိန်း ၂၁၉ ခရမ်းရောင် (Very Unhealthy)အဆင့်သို့ ရောက်ရှိနေ၍ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများအတွက် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့်အတွက် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များက တာချီလိတ် လေယာဉ်ကွင်းလမ်းဆုံ၊ ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းအနီးနှင့် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ် နှစ်စီးဖြင့် ရေမှုန်ရေမွှားများ ပက်ဖြန်းကြသည်။
ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ လေထုအရည်အသွေး ခရမ်းရောင်အဆင့်သို့ ရောက်ရှိနေ၍ လေထုညစ်ညမ်းမှုလျော့ချရေးနှင့် အသိပညာပေးခြင်းများဆောင်ရွက်နေရ
Mar 29 • 1:14 AM
Myanmar
Shan
Share
| 12 | 0 | 0 | 0 |


