back

ချင်းပြည်နယ်က သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်နဲ့ သင်္ကြန်ပွဲလာတာလို့ထွက်ဆိုတဲ့ စလိုဗက်ကီးယားနိုင်ငံသားကိုပြည်နှင်ဒဏ်ပေး

Mar 28 • 3:41 PM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်က သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်နဲ့ သင်္ကြန်ပွဲလာတာလို့ထွက်ဆိုတဲ့ စလိုဗက်ကီးယားနိုင်ငံသားကိုပြည်နှင်ဒဏ်ပေး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းကို နယ်မြေကန့်သတ်ချက်စောင့်ကြည့်ခွင့်ပြုမိန့် (PAP) မပါဘဲ ဝင်ရောက်ခဲ့တဲ့ စလိုဗက်ကီးယားနိုင်ငံသားဟာ မြန်မာနိုင်ငံ၊ ချင်းပြည်...

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းကို နယ်မြေကန့်သတ်ချက်စောင့်ကြည့်ခွင့်ပြုမိန့် (PAP) မပါဘဲ ဝင်ရောက်ခဲ့တဲ့ စလိုဗက်ကီးယားနိုင်ငံသားဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်က သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်နဲ့ သင်္ကြန်ပွဲတော်ဆင်နွှဲဖို့ လာရောက်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပေမယ့် အာဏာပိုင်တွေက သူ့ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။အသက် ၅၈ နှစ်အရွယ်ရှိတဲ့ အဆိုပါစလိုဗက်ကီးယားအမျိုးသားဟာ ထိုင်းနိုင်ငံကနေတစ်ဆင့် ကာလကတ္တားသို့ သွားရောက်ခဲ့ပြီး အဲဒီကမှတစ်ဆင့် မီဇိုရမ်သို့ ရောက်ရှိလာတာဖြစ်ကာ၊ ချင်းပြည်နယ်မှာရှိတဲ့ သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်အရ သင်္ကြန်ပွဲတော် (Water Festival) တက်ရောက်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ၎င်းကို ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။အိန္ဒိယအစိုးရရဲ့ စည်းမျဉ်းအရ ဘူတန်နိုင်ငံသားတွေကလွဲလို့ ကျန်နိုင်ငံခြားသားအားလုံးဟာ မြန်မာနဲ့ တရုတ်နယ်စပ်အနီးရှိ မီဇိုရမ်အပါအဝင် ထိလွယ်ရှလွယ်နယ်စပ်ဒေသတွေကို သွားလာမယ်ဆိုရင် PAP ခွင့်ပြုမိန့်ကို မဖြစ်မနေ လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။


news-view-count-icon

11