စက်သုံးဆီဝယ်ယူရာတွင်အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးနှင့် တိုင်ကြားမှုများပြုလုပ်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ Call Center ဖွင့်လှစ်၍ ပြန်လည်ဖြေရှင်းမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ထိုသို့ ဖွင့်လှစ်ထားရာမှ Call Center သို့ဆက်သွယ်၍ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင်နှင့်ပတ်သက်သောတိုင်ကြားမှုကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ထို့နောက် "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင် လိုင် စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းခဲ့ပြီး အရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



