back

ရန်ကုန်တိုင်း၊ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး

Mar 28 • 9:05 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တိုင်း၊ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဘုရင့်နောင်မြို့နယ် ဘုရင့်နောင်တံတားအဆင်းတွင် ၁၂ ဘီးကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။မ...

ရန်ကုန်တိုင်း၊ ဘုရင့်နောင်မြို့နယ် ဘုရင့်နောင်တံတားအဆင်းတွင် ၁၂ ဘီးကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီကျော်က ဘုရင့်နောင်တံတားအဆင်း၊ တပ်ထိပ်မှတ်တိုင်တွင် လမ်းဖြတ်ကူးလာသည့် အသက်(၄၅) နှစ်ဝန်းရှိ အမျိုးသမီးကို ၁၂ ဘီးကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားကြောင်း သိရသည်။ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်ကို မေတ္တာအ လင်းရောင် လူမှုကူညီရေးအသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုမှ ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။


news-view-count-icon

13