back

မယ်လ ယာယီခိုလှုံရာဌာနတွင် မီးလောင်မှုဖြစ်ပွားပြီး ယာယီတဲအိမ် ခုနစ်လုံးမီးလောင်ဆုံးရှုံး

Mar 28 • 11:20 AM

breaking-news

Thailand

Local News

cover

မယ်လ ယာယီခိုလှုံရာဌာနတွင် မီးလောင်မှုဖြစ်ပွားပြီး ယာယီတဲအိမ် ခုနစ်လုံးမီးလောင်ဆုံးရှုံး

မြန်မာ -ထိုင်းနယ်စပ်တာ့ခ် ပြည်နယ်၊ထာ့ဆောင်ရမ်းခရိုင် မယ်လ ယာယီခိုလှုံရာဌာနတွင် မတ်လ ၂၈ ရက်နေ့က မီးလောင်းမှုဖြစ်ပွားပြီး ယာယီတဲအိမ် ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ပြ...

မြန်မာ -ထိုင်းနယ်စပ်တာ့ခ် ပြည်နယ်၊ထာ့ဆောင်ရမ်းခရိုင် မယ်လ ယာယီခိုလှုံရာဌာနတွင် မတ်လ ၂၈ ရက်နေ့က မီးလောင်းမှုဖြစ်ပွားပြီး ယာယီတဲအိမ် ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အနည်းငယ်ပျက်စီးမှုတစ်လုံးရှိခဲ့ကြောင်း ဒေသတွင်းထိုင်းသတင်းများ၌ဖော်ပြချက်အရ သိရသည်။မီးလောင်ကျွမ်းရခြင်းအကြောင်းကို သက်ဆိုင်ရာက စစ်ဆေးမှုပြုလုပ်ရာတွင် ယာယီတဲအိမ်အမှတ် ၄၄၃ CI BB အိမ်မှစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အိမ်ရှင်အမျိုးသမီးသည်နံနက်စာကိုမီးသွေးမီးဖိုဖြင့်ချက်ပြုတ်ပြီး၊ မီးမငြိမ်းသေးသော မီးသွေးများကို ဘူးထဲ ထည့် ပြီးယင်းမီးသွေးဘူး ကို စက္ကူစနှင့်အဝတ်စများအနီးထားကာ ကျောင်းကပွဲသို့သွားခဲ့ပြီးနောက် အပူလွန်လောင်ကျွမ်းရခြင်းဖြစ်သည်ဟုဆိုသည်။မီးလောင်ကျွမ်းမှုကြောင့် လူတိရစ္ဆန် တစ်စုံတစ်ရာ ထိခိုက် မှုမရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။




news-view-count-icon

21