ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်းသိရသည်။ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။



