back

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေတစ်ခုလျှင် သိန်း ၅၀၀ နှင့် လုပ်ငန်း ၂၀ အား ထုတ်ချေးပေးသွားမည်

Mar 28 • 7:59 AM

breaking-news

Myanmar

Local

cover

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေတစ်ခုလျှင် သိန်း ၅၀၀ နှင့် လုပ်ငန်း ၂၀ အား ထုတ်ချေးပေးသွားမည်

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေတစ်ခုလျှင် သိန်း ၅၀၀ နှင့် လုပ်ငန်း ၂၀ အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်...

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေတစ်ခုလျှင် သိန်း ၅၀၀ နှင့် လုပ်ငန်း ၂၀ အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ MSME လုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီနှင့် MOB Bank တို့ Zoom meeting ကို မတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်အရ ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ နှစ်ဖက်တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး နှစ်ဖက်သဘောတူဆုံးဖြတ်ချက်အရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေတခုလျှင် သိန်း ၅၀၀ နှင့် လုပ်ငန်း ၂၀ အား အချက်အလက်များနှင့် ကိုက်ညီသည်လုပ်ငန်းရှင်များသို့ ( ပထမအကြိမ်) ထုတ်ချေးပေးသွားမည်ဖြစ်သည်။"ပထမဆုံးအကြိမ် MSME လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ချေးငွေ ထိရောက်စေဖို့ လုပ်ငန်းအနေအထားနဲ့ခိုင်မာမှုတွေကိုလဲ သေချာစိစစ်ရမှာဖြစ်တဲ့အတွက် လောလောဆယ် လုပ်ငန်း ၂၀ ကို အရင်ချေးပေးတာဖြစ်ပါတယ်" ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

news-view-count-icon

15