ဘရာဇီးလ်အသင်းနှင့် ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်ကစားသမား ရာဖင်ညာ (၂၉ နှစ်) သည် ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲကစားစဉ် ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့သဖြင့် အနည်းဆုံး ၄ ပတ်မှ ၅ ပတ်အထိ အနားယူရတော့မည်ဖြစ်သည်။ ရာဖင်ညာသည် အဆိုပါပွဲစဉ် ပထမပိုင်း၌ပင် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရခြင်းဖြစ်ပြီး၊ ယခုဒဏ်ရာမှာ ယခုရာသီအတွင်း ၎င်း၏ တတိယအကြိမ်မြောက် တံကောက်ကြောဒဏ်ရာလည်း ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာအသင်းသို့ ပြန်လည်ကုသမှုခံယူမည်ဖြစ်ကာ အက်သလက်တီကိုနှင့် ကစားရမည့် ချန်ပီယံလိဂ်နှင့် လာလီဂါပွဲစဉ်များအပါအဝင် စုစုပေါင်း ၆ ပွဲခန့် လွဲချော်နိုင်ကြောင်း၊ လာမည့်မေလရောက်မှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 28 • 7:59 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


