back

မြစ်ကြီးနားမြို့တော် ခန်းမသစ် ဖွင့်လှစ်

Mar 28 • 8:00 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့တော် ခန်းမသစ် ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြို့တော်ခန်းမသစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ခန်းမအသစ်အား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြို့တော်ခန်းမသစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ခန်းမအသစ်အား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုဘဏ္ဍာဖြင့် ကချင်ရိုးရာအငွေ့အသက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ (မတ် ၂၆) က ဖွင့်လှစ်ခဲ့သည်။မြို့တော်ခန်းမဟောင်းသည် အလျား ၁၆၅ ပေ အနံ ၁၀၂ ပေ အမြင့် ၂၆ ပေ လူဦးရေ ၅၀၀ ဆံ့ပြီး သက်တမ်း ၂၇ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။မြို့တော်ခန်းမသစ်ကို အလျား၁၈၅ပေ အနံ ၁၂၄ အမြင့် ၃၃ ပေ RC ကွန်ကရစ် အဆောက်အဦးပုံစံဖြစ်ကာ ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ၄.၇၄၁ ဘီလီလျံဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။မြို့တော်ခန်းမသစ်ကို ကချင်ရိုးရာယဉ်ကျေးမှု၊ အနုပညာလက်ရာများဖြင့် ပေါင်းစပ်တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။

news-view-count-icon

12