back

မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အထိ ရှမ်းပြည် မိုးလေဝသအခြေအနေ

Mar 28 • 7:53 AM

breaking-news

Myanmar

Shan

cover

မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အထိ ရှမ်းပြည် မိုးလေဝသအခြေအနေ

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်၌ ရှမ်းမြောက်ဒေသအချို့တွင်သာ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများ၌ မိုးရွာရန်မရှိဘဲ ခြောက်သွေ့နေမည်ဖြစ်ကာ၊ ရှမ်းတောင်ပိုင်းတွင် တစ်...

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်၌ ရှမ်းမြောက်ဒေသအချို့တွင်သာ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများ၌ မိုးရွာရန်မရှိဘဲ ခြောက်သွေ့နေမည်ဖြစ်ကာ၊ ရှမ်းတောင်ပိုင်းတွင် တစ်နာရီ မိုင် ၃၀ အထိ လေပြင်းတိုက်ခတ်နိုင်ခြင်း၊ ညောင်ရွှေနှင့် အင်းလေးဒေသတွင် အပူချိန် ၃၅°C အထိ မြင့်တက်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ပြင် ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့၌ လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) နှင့် မီးခိုးငွေ့ (CO) ပါဝင်မှုနှုန်းမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်မှ မိုးတိမ်များဝင်ရောက်မှုကြောင့် ရှမ်းမြောက်ဒေသများတွင် မိုးထစ်ချုန်းခြင်းနှင့် လေပြင်းတိုက်ခြင်းများ ဆက်လက်ရှိနေနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါသည်။

news-view-count-icon

13