back

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့်ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား၈၈ ဦးအား ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် ပြန်ပို့

Mar 28 • 7:56 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့်ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား၈၈ ဦးအား ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် ပြန်ပို့

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၈ ဦး (အမျိုးသား ၆၇ ဦး၊ အမ...

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၈ ဦး (အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၁ ဦး) ကို မတ်လ ၂၅ ရက်တွင် ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ရနောင်းခရိုင် လ၀က တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၁၀၄ ဦးကို ယခုကဲ့သို့ပင် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

9