မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၁၆.၂ သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်လိုက်သည်။ငလျင်ဒဏ်ကြောင့် လူမှုဘဝများ ထိခိုက်ပြောင်းလဲသွားရသူများအတွက် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်မှာ ယခုအချိန်အထိ စတင်နေဆဲအဆင့်၌သာ ရှိသေးကြောင်း ကုလသမဂ္ဂ (UN) က ငလျင် ၁ နှစ်ပြည့်သည့် ယနေ့ (မတ်လ ၂၈ ရက်) တွင် အသိပေးထားသည်။ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပျက်စီးသွားသော နေရာများမှာလည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှု ၁ နှစ်ပြည့်သော်လည်း လူပေါင်း ၁၆ သန်းကျော် အကူအညီလိုအပ်နေဆဲဟု UNICEF ထုတ်ပြန်
Mar 28 • 7:50 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


