back

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်စတင်

Mar 28 • 7:48 AM

breaking-news

Myanmar

Bago

cover

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်စတင်

(၂,၆၀၈) နှစ် ရှိလာပြီဖြစ်သည့်  ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ မတ် ၂၇ ရက် ညနေပို...

(၂,၆၀၈) နှစ် ရှိလာပြီဖြစ်သည့်  ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ မတ် ၂၇ ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ကြည် ညိုပူဇော်ပြီး ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှ ပေးဝေကာ တိုင်းဝန်ကြီးချုပ်မှ မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား လျှပ်စစ်မီးများထွန်းညှိပူဇော်ပေးခဲ့သည်။စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မတ် ၂၇ ရက်မှ ဧပြီ ၅ ရက်အထိ (၁၀) ရက်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကာ ဧပြီ ၁ ရက်၌ သံဃာတော် (၅၀၀) ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်သွားမည်ဖြစ်သည်။

news-view-count-icon

14