အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ဝန်ကြီးချုပ် အနုတင်နှင့် ပတ်သက်သော ယာဉ်စည်းကမ်းချိုးဖောက်မှု မှတ်တမ်းများသည် ရဲတပ်ဖွဲ့၏ အချက်အလက်သိုလှောင်မှု (Database) အတွင်းရှိ အစစ်အမှန်များဖြစ်ကြောင်း ထိုင်းရဲချုပ် Kitrat Phanphet က အတည်ပြုပြောကြားလိုက်သည်။ 'CSI LA' Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် အဆိုပါမှတ်တမ်း ၉ ခုတွင် ၂၀၁၇ ခုနှစ်မှ ၃ ခုနှင့် ၂၀၂၀ ပြည့်နှစ်မှ ၆ ခုတို့ ပါဝင်နေခြင်းဖြစ်သည်။ရဲချုပ်၏ သုံးသပ်ချက်အရ ယခုအချက်အလက် ပေါက်ကြားမှုသည် ဆိုင်ဘာတိုက်ခိုက်ခံရခြင်းမျိုးမဟုတ်ဘဲ စနစ်အတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရှိသည့် ရဲဝန်ထမ်းတစ်ဦးဦးက ထုတ်ယူဖြန့်ဝေခဲ့ခြင်း ဖြစ်နိုင်သဖြင့် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးထားသည်။ ထို့ပြင် ယာဉ်ပိုင်ရှင်သည် အမြဲတမ်း ယာဉ်မောင်းသူ မဟုတ်နိုင်သည့်အချက် (ယာဉ်ငှားရမ်းခြင်း သို့မဟုတ် အခြားသူမောင်းနှင်ခြင်း) ကိုလည်း ထည့်သွင်းစဉ်းစားကာ မျှတစွာ စစ်ဆေးသွားမည်ဟု ဆိုသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှုမှတ်တမ်းများ ပေါက်ကြားခဲ့မှု အစစ်အမှန်ဖြစ်ကြောင်း ရဲချုပ်အတည်ပြု
Mar 28 • 7:46 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


