စက်သုံးဆီရရှိမှု ခက်ခဲခြင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ဆောက်လုပ်ရေး အခြေခံပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီးနောက် ဆောက်လုပ်ရေးစီမံကိန်းအချို့ကို ယာယီရပ်ဆိုင်းထားရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက အုတ်တစ်လုံးလျှင် ၃၅၀ ကျပ်မှ ၄၅၀ ကျပ်သို့လည်းကောင်း၊ ဘိလပ်မြေတစ်အိတ်လျှင် ၁၈,၀၀၀ ကျပ်မှ ၂၈,၀၀၀ ကျပ်ဝန်းကျင်သို့လည်းကောင်း ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားသဖြင့် ကုန်ကျစရိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ လုပ်ငန်းများ ရပ်နားထားရခြင်းဖြစ်သည်။ယခုကဲ့သို့ အခြေခံဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုသည် အိမ်ရာဈေးကွက်အပေါ်တွင်လည်း သက်ရောက်မှုရှိနေပြီး အိမ်ခြံမြေဈေးနှုန်းများပါ ထပ်မံမြင့်တက်လာနိုင်ကြောင်း သုံးသပ်သူများက ခန့်မှန်းထားကြသည်။ လက်ရှိတွင် လုပ်ငန်းရှင်အများစုမှာ လုပ်ငန်းတိုးချဲ့မှုများကို ရပ်နားထားပြီး ဈေးကွက်ပြန်လည်တည်ငြိမ်လာမည့် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေတဲ့ ပစ္စည်း စျေးနှုန်းများ မြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်း
Mar 28 • 7:44 AM
Myanmar
Local
Share
| 14 | 0 | 0 | 0 |


