မွန်ပြည်နယ်အတွင်း စက်သုံးဆီ ရှားပါးပြတ်လပ်မှုနှင့် ဝယ်ယူရခက်ခဲမှုများကြောင့် ဒေသတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်း (SME) များအပါအဝင် စီးပွားရေးလုပ်ငန်းအများစု ပြိုလဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။ လျှပ်စစ်မီးမမှန်ခြင်းကြောင့် မီးစက်များကိုသာ အဓိကအားထားနေရသည့် စက်ရုံများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် စက်သုံးဆီမရရှိသဖြင့် လုပ်ငန်းချိန်လျှော့ချခြင်းနှင့် အချိန်ပိုင်းသာ လည်ပတ်နိုင်ခြင်းတို့ ဖြစ်ပေါ်နေသည်။လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ၌ ပုံးများ၊ ပေပါများဖြင့် ဝယ်ယူမှုကို ပိတ်ပင်ထားခြင်းနှင့် အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့်သာ ရောင်းချပေးခြင်းတို့ကြောင့် လက်တွေ့တွင် ဝယ်ယူရန် အလွန်ခက်ခဲနေသည်။ ယင်းအခြေအနေများကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်သည့်အပြင် အလုပ်သမားများ၏ စားဝတ်နေရေးပါ ထိခိုက်လာနေကြောင်း သိရပါသည်။
| 8 | 0 | 0 | 0 |


