back

အိမ်စာများ အလွန်အကျွံပေးမှုတရုတ်ပညာရေးဝန်ကြီးဌာန ပိတ်ပင်

Mar 28 • 7:40 AM

breaking-news

China

Local News

cover

အိမ်စာများ အလွန်အကျွံပေးမှုတရုတ်ပညာရေးဝန်ကြီးဌာန ပိတ်ပင်

တရုတ်နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အိမ်စာများ အလွန်အကျွံပေးခြင်းနှင့် စာမေးပွဲမ...

တရုတ်နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အိမ်စာများ အလွန်အကျွံပေးခြင်းနှင့် စာမေးပွဲများ ကြိမ်ဖန်များစွာ ကျင်းပခြင်းတို့ကို ပိတ်ပင်သည့် ပညာရေးမူဝါဒသစ်ကို တရုတ်ပညာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ မူဝါဒသစ်အရ စာသင်ကျောင်းများအနေဖြင့် ကျောင်းသားများ၏ အားလပ်ချိန်ကို လျှော့ချခြင်း မပြုရန်နှင့် ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ထပ်မံမတိုးပေးရန် ညွှန်ကြားထားသည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် အိမ်စာများပြားလွန်းသဖြင့် ကျောင်းသားများ အိပ်ချိန်နှင့် အားလပ်ချိန် နည်းပါးလာကာ စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားမှုအပေါ် အခြေခံ၍ ယခုကဲ့သို့ တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

4