လာမည့် မတ်လ ၃၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ ဂျင်းနားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ၂၀၂၇ အာရှဖလား တတိယအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ကွင်းပိတ်ကျင်းပသွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ် (PFF) က ထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲစဉ်ကို မူလက ပရိသတ်များရှေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပါကစ္စတန်အစိုးရ၏ ဥပဒေပြဋ္ဌာန်းချက်အသစ်ကြောင့် အစီအစဉ်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ နှစ်သင်းစလုံးမှာ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးမရှိတော့သော်လည်း FIFA Ranking တိုးတက်စေရန်အတွက် အနိုင်ရရှိရန် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ပထမအကျော့တွင် ပါကစ္စတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသကဲ့သို့ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ကလည်း အာဖဂန်နစ္စတန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည့် အရှိန်အဟုန်နှင့်အတူ ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
Mar 28 • 7:39 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


