back

စက်သုံးဆီ စိစစ်ရောင်းချမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ကြပ်မတ်နေ

Mar 28 • 7:37 AM

breaking-news

Myanmar

Local

cover

စက်သုံးဆီ စိစစ်ရောင်းချမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ကြပ်မတ်နေ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်၏စက်စွမ်းအားအလိုက် စနစ်တကျစိစစ်ရောင်းချပေးနေမှုကို Online Monitori...

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်၏စက်စွမ်းအားအလိုက် စနစ်တကျစိစစ်ရောင်းချပေးနေမှုကို Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းခြင်းကို မတ်လ ၂၇ ရက်မှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code စနစ်ကိုအသုံးပြု၍ ယာဉ်တန်းစီမှုလျှော့ချရန် စီစဉ်ထားပြီး၊ အဆိုပါစနစ်ကို ရန်ကုန်-မန္တလေးလမ်းမကြီးတစ်လျှောက်နှင့် အခြားမြို့များတွင်ပါ တိုးချဲ့ဆောင်ရွက်နိုင်ရန် သင်တန်းများပေးလျက်ရှိသည်။ လက်ရှိတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် ပိုမိုဝယ်ယူခြင်းမပြုရန်နှင့် အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီဖြေရှင်းပေးနိုင်ရန် Call Center များလည်း ဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။

news-view-count-icon

17