အမေရိကန်ပြည်ထောင်စုနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန်အတွက် ဗင်နီဇွဲလားကိုယ်စားလှယ်အဖွဲ့သည် ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် ဥရောပနှင့် မြောက်အမေရိကဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အိုလီဗာ ဘလန်ကို နှင့် အမေရိကန်ဆိုင်ရာ ဗင်နီဇွဲလားသံရုံးတာဝန်ခံ ဖေးလစ် ပလာဆန်းရှားတို့ ပါဝင်သည်။လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်တစ်ခု၌ ဘလန်ကိုက ၎င်းတို့အဖွဲ့သည် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်းဒိုး အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ပလာဆန်းရှားကလည်း ယခုခရီးစဉ်သည် ဗင်နီဇွဲလားနိုင်ငံသားများ စိုးရိမ်ပူပန်နေကြသည့် ကိစ္စရပ်များကိုဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
| 12 | 0 | 0 | 0 |


